Fake Boyfriend👨‍❤️‍👨

FB(17)



.Unicode.ခရမ်းရောင်cloverဆွဲကြိုးပိုင်ရှင်လေးအားအကုန်လုံးဟာကွက်ကြည့်ကွက်ကြည့်။လူတွေအကြည့်တွေသတိထားတတ်ကာကြောက်ရွံ့တတ်သူသည်ဒီနေ့မှာတော့ကိုယ့်အတွေးနဲ့ကိုယ်လမ်းသွားရင်းလည်းပါးပါးလေးပြုံးသည်။အခန်းထဲတွင်အနိုင်ကျင့်နေကြအုပ်စုအချင်းချင်းမေးငေါ့ကာအထူးအဆန်းဖြစ်ကြသည်ထိစာသင်နေတဲ့အချိန်လည်းအပြုံးလေးတွေပေါ်လာတတ်သည်။ပျောက်ဆုံးနေတဲ့အပျော်တွေပြန်ရှာတွေ့သွားသည့်အတိုင်း..ဘာရယ်မှန်းမသိဒီရက်ပိုင်းစိတ်ပင်ပန်းနေရတာတွေကယူပစ်သလိုပျောက်..။ဒီဆွဲကြိုးလေးကထူးဆန်းနေမှန်းလည်းသိပါတယ်…။မင်းအတွက်ဆိုတဲ့စကားလေးနဲ့တင်ရှည်ရှည်ဝေးဝေးတွေမစဥ်းစားချင်တော့ဘူး။ညံ့လို့ခံရမယ်ဆိုလည်းပျော်ပျော်ကြီးပေါ့..။သူကအစထဲကလည်ဝယ်နေသူမှမဟုတ်တာ…။

စဆုံသည့်နေ့မှယနေ့ထိနှိမ်ချဆက်ဆံမှုတွေပဲခံလာရလို့ပထမဆုံးKingဆီကလူအများရှေ့အရေးပေးခံလိုက်ရတာကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုမှန်ကြောင်လေးသဘောကျနေခဲ့သည်။နောက်ဆုံးတော့သူ့ကိုမြင်ပေးတတ်လာခဲ့ပြီ.ဆိုသည့်အတွေးကိုပိုင်ပိုင်နိုင်နိုင်တွေးချပစ်ကာဆွဲကြိုးအားဒီတိုင်းပေးလို့ရရဲ့သားနဲ့ကိုယ်တိုင်ဆွဲပေးခဲ့တဲ့အခိုက်အတန့်လေးကိုအခါခါပြန်တွေး။ကိုယ်အတွေးကိုယ်ပဲသိတာမို့ဖြစ်ချင်ရာသာဖြစ်ပါစေတော့။အကြာကြီးနေမှရတဲ့ပျော်ရွှင်မှုလေးမို့လွယ်လွယ်ပျောက်ကွယ်သွားမှာကြောက်လို့ပါ။သူမကိုတော့အားနာမိပါတယ်ဒီတကြိမ်လေးပဲတခြားသူတွေကိုထည့်မတွက်ပဲကိုယ့်စိတ်ချမ်းသာမှုကိုဦးစားပေးပါရစေ.။

……………….

အကြွေစေ့လေးထည့်ပြီးကျလာသည့်အအေးဘူးလေးကောက်ယူပြီးပြန်ရပ်ကာအနောက်လှည့်လိုက်သည့်အခါလီဆွန်းကလာရပ်နေတာကြောင့်လန့်သွားသည်။အတန်းခဏဖြုတ်ချိန်လေးအအေးသောက်ချင်လို့မနေနိုင်ပဲရောက်လာတာ..။ဒီနေရာကိုလူသိပ်မလာကြဘူး…။လီဆွန်းကဘာလို့တယောက်တည်းအသံတိတ်ဒီရောက်နေတာလဲ..။​ဘေးကထွက်သွားဖို့လုပ်တော့အရှေ့လာပိတ်ရပ်သည်။သူ့ကိုကြည့်နေတဲ့မျက်လုံးတွေကထူးဆန်းနေသည်။စားသောက်ဆိုင်မှာကြည့်တတ်သည့်အကြည့်မျိုးနှင့်မတူ..မလှုပ်မယှက်ပဲမရိုးမသားကြည့်တတ်တဲ့မျက်လုံးတွေထက်ပိုကြောက်ဖို့ကောင်းသည်။


Tip: You can use left, right, A and D keyboard keys to browse between chapters.