Final

Final



‘ အဆင်မပြေမှုတွေ ဒုက္ခတွေကြုံခဲ့ရသမျှ အတွေ့အကြုံတွေကငါ့နှလုံးသားကို မညှာမတာရိုက်နှက်ထားတယ်။ အပျက်ဆန်တဲ့ရှင်သန်မှုနဲ့ ရှင်သန်နေရတဲ့ကောင်ပါ။ခင်ဗျား ကိုလက်လှမ်းပြီးဆွဲခေါ်ဖို့အထိ ဒီအပျက်ကောင်ကမဝံ့ရဲဘူး။ဘဝပေးကုသိုလ်ကံ မကောင်းမှုကြောင့် ဒီဘဝရောက်နေပေမယ့်အတ္တလေးတော့ ကင်းပါရစေ ‘

ရှေးချန်ရစ်ခဲ့သည့်စာမှာပါရှိသည့်တစ်စိတ်တစ်ပိုင်းသော စာစုလေးကို ပြန်ဖတ်ရင်း လူရှိုင်း ခေါင်းအုံးကြား မျက်နှာတိုးဝှေ့လိုက်တယ်။အခုချိန်မှာ ပင်ပန်းနွမ်းနယ်လွန်းနေတဲ့နှလုံးသားလေး​ကြောင့်ချောင်တစ်ချောင်မှာဝင်ခွေချင်တာပဲသိတော့တယ်။ ဘာတစ်ခုမှ မခံစားချင်တော့သလို လောကကြီးကလူရှိုင်း ဆိုသည့် လူတစ်ယောက်၏ဖြစ်တည်မှုကနေပါ ပျောက်ကွယ်သွားချင်မိတယ်။

ထားခဲ့ရက်လေခြင်းဆိုပြီးမေ့ဖျောက်ဖို့ ကြိုးစားနေလျက်နဲ့တောင်နာနာကျင်ကျင် လွမ်းနေတာမျိုးကဘယ်လိုတောင် အမှတ်မိရှိတဲ့နှလုံးသားကြောင့်လဲ။ ဟင်း…ဒီလိုလဲပြောလို့မရလေဘူး။ဟိုးအရင်ကတည်းက သူကိုကရှေးနဲ့ပတ်သက်ရင် သည်းခြေမှ မပါလာဘဲ။

တစ်ချိန်မှာ နီးနိုင်သေးတယ်ဆိုတဲ့အသိနဲ့ကြုံနေရတဲ့နေ့ရက်တိုင်းမှာမင်းငါ့ဆီကထွက်ပြေးနေတယ်ဆိုတာကို ငါမသိခဲ့ဘူး။မင်းနဲ့ပတ်သက်ရင် ငါက အချစ်တစ်ခုပဲသိပြီး သိပ်ကိုညံ့ဖျင်းလွန်းခဲ့ပါတယ်။

လူရှိုင်းတစ်ချက်ရှိုက်ရင်းခေါင်းအုံးကိုယူကာ အဝေးသို့ပစ်ပေါက်လိုက်တယ်။

ခံနိုင်ရည်တွေကုန်ဆုံးတဲ့တစ်နေ့ဟိုးအဝေးကြီးကို ပြေးထွက်သွားမယ်ဆိုတဲ့ကိုယ်က ပြောခဲ့ပေမယ့် တကယ်တမ်း ထွက်ပြေးသွားခဲ့သူကရှေး။ တကယ်မတရားဘူး။အလကား လျှောက်လှမ်းရမယ့်ပန်းတိုင်မှာ ပတ်ဝန်းကျင်ကိုထည့်တွက်ပြီး သူ့ကိုထားခဲ့တာ။

ကိုယ်ကတော့ မင်းအနားမှာနေရတာသာကို ခုံမင်တယ်။တခြားဘာမှမလိုချင်ဘူး။ ကိုယ့်ပျော်ရွှင်မှုတွေကိုမင်းနဲ့ပဲဝေမျှချင်တယ်။ မင်းအနားမှာရှိခွင့်ရတိုင်းအရမ်းပျော်တယ်။ပျော်လွန်းလို့လည်းစိတ်ပူရမယ့်အရာ ပတ်ဝန်းကျင်ကိုတောင်မေ့တဲ့အထိပဲ ဒါပေမယ့် မင်းကတော့ ဒီပတ်ဝန်းကျင်ကိုမမေ့ခဲ့ဘူး။ကိုယ်လည်းမမေ့ပါဘူး။လျစ်လျူရှုခဲ့ရုံပါ။


Tip: You can use left, right, A and D keyboard keys to browse between chapters.