ဒက်ဗလယ် ရှူး

P_12 (Zawgyi)



ကမ္ဘာပေါ်မှာ မျက်နှာအပြောင်ဆုံးသူကို ပြပါဆိုရင် ကိုကိုခေတ်သစ်ကို ပြရမယ်ထင်တယ်။ ကျွန်တော် မျက်နှာပြောင်လှပြောင်လှနဲ့ သူ့ကိုမမီ၊ သူက ရှယ်ပလန်နဲ့ကိုပြောင်တာ။

မနေ့တုန်းက ထမင်းစားနေရင်းနဲ့ သူ့မှာ လောလောဆယ် ပိုက်ဆံတစ်ပြားမှမရှိသေးလို့ ဓာတ်ဆီလည်း မဝယ်နိုင်ပါဘူးတဲ့၊ ဆိုင်ကယ်ထဲမှာလည်း ဆီတစ်စက်မှမရှိတော့လို့ ကျောင်းကို အန်တီ့သားနဲ့ ကပ်လိုက်သွားလို့ရမလားတဲ့လေ။ သူနဲ့တွဲလို့ အိမ်ထဲကနေ အိမ်အပြင်ကိုတောင် ထွက်ခွင့်ပိတ်ထားတဲ့ ကျွန်တော့်အမေကိုလေ သူမို့မေးရဲတယ်။ ကျွန်တော့်အမေကလည်း ဘဝဟောင်းက ကျောင်းပြောင်းတော့မှာမို့ လမ်းမကြုံဘူးလို့ ပြန်ပြောတာကို သူက ဘာပြန်ပြောတယ်မှတ်လဲ။ လမ်းကြုံအောင်လို့ သူပါ ကျောင်းပြောင်းလိုက်မယ်လေတဲ့…

အဲ့တော့ မေမေဘာမှပြန်မပြောနိုင်၊ လူကြီးဖြစ်တာမို့ ကလေးနဲ့ပြိုင်ပြီး ဇွတ်ငြင်းနေရင်လည်း မကောင်းပါဘူးလို့ထင်ထားပုံရပါတယ်။ နောက်တော့ မျက်နှာမသာမယာနဲ့ပဲ သူပြောတာကို လက်ခံပေးပြီး ကျွန်တော့်ကိုလည်း ကျောင်းမပြောင်းခိုင်းတော့ဘူး။

အဲ့တော့ ဒီကနေ့ ကျွန်တော် သူနဲ့ ကျောင်းအတူသွားရမယ်။

💬ကိုကိုရေ ကျွန်တော်အိမ်ရှေ့ရောက်နေပြီ

မက်ဆေ့ဂ်ျပို့လိုက်တော့ အိမ်ထဲကနေထွက်လာတယ်။ ခြံတံခါးတွေဘာတွေသော့ခတ်ပြီး ကျွန်တော့်ဘေးမှာဝင်ထိုင်တော့…

“မနက်စာ ဘာစားချင်တုန်းကိုကို… ကြေးအိုကောင်းကောင်းရတဲ့ဆိုင်တော့သိတယ် စားမလား”

“စားလေ… ပိုက်ဆံက မင်းရှင်းရမှာပဲကို”

“ရှင်းမှာပါဗျာ… ကိုကိုက ကျွန်တော့်ချစ်သူပဲဟာကို”

ကျွန်တော်ပြောလိုက်တော့ မသိချင်ယောင်ဆောင်ပြီး မျက်နှာကို တစ်ဖက်လှည့်သွားတယ်။ သို့ပေမဲ့ ဟိုဘက်လှည့်လိုက်မှ ပိုပေါ်လာတဲ့ သူ့နားရွက်ရဲရဲကြောင့် ကျွန်တော့်မှာ ခွီးခနဲ…

“ဘာရယ်တာတုန်း”

ကျွန်တော့်ရယ်သံကြားတော့ ဒီဘက်ပြန်လှည့်လာပြီး ပတ်ခနဲရန်တွေ့တယ်။


Tip: You can use left, right, A and D keyboard keys to browse between chapters.